Sunday, January 3, 2016

ရင်ကွဲဆောင်း

အစိုးမရတဲ့ တောင့်တမှု့တွေအောက်မှာပဲ
ငါ့ အလွမ်းတွေ ခပ်မြော့မြော့ သေ
စည်းချက်မကြခဲ့ တဲ့ ပကာသနတွေကြောင့်ပဲလား
ရိုးမယ်ဖွဲ့စရာမဲ့
ဆောင်းဝင်းလာတိုင်း အမာရွတ်က ပြန်ပြန်နာကျင်လာတယ်
ရှိစေတော့ဆောင်းရယ်
ဝဋ်ကြမ္မာလည်း မရိုးတော့ပါဘူး 
မဆုံဖြစ်လို့ဝေးခဲ့ကြတာပဲ
ခုတော့ ဆောင်းနဲ့ငါ 
မဆိုင်သလိုသာ........

Thursday, December 31, 2015

HAPPY NEW YEAR

မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ.....

သေသွားတဲ့ ဆောင်း


အရင်ကနှင်းတွေ က တစ္ဆေပြန်ပြန်ခြောက်
အိပ်မရတဲ့ ညတွေက ခြောက်ကပ်လွန်းပါတယ်
ချစ်သူ...
နင်မရှိတော့တဲ့ဆောင်းဟာ နင်နဲ့ အတူသေသွားခဲ့တာကြာပြီပေါ့
အရင်က ဒီအချိန် အနမ်းတွေ နွေးနေတာ
အရင်က ဒီအချိန် ရင်ငွေ့တွေ နွေးနေတာ
အရင်က ဒီအချိန် အချစ်တွေ နွေးနေတာ
ခုတော့....
ဆောင်းဟာ နင်နဲ့အတူပဲသေသွားခဲ့ပြီလေ.....

31.december.2015 sakuraseven.blogspot.com ကို စတင်အသုံးပြုခဲ့ပါသည်

ကျွန်တော် ဒီ ဘလော့ စာမျက်နှာကို ဒီနေ့ ၃၁.၁၂.၂၀၁၅ နေ့မှာ စပြီးအသုံးပြုခဲ့ပါသည်။ ဘာမှမသိမတတ်သေးပဲနဲ့ သုံးနေရတာဆိုတော့ စမ်းတ၀ါးဝါးပါပဲ။ ဖြည်းဖြည်းချင်း လေ့လာပြီး သင်ယူသွား
ရပါအုန်းမယ်။ ကျွန်တော့် စာမျက်နှာမှာ လိုအပ်ချက်တွေ အများကြီးပါပဲ။တဖြည်းဖြည်းနဲ့တော့ အများအကျိုးပြု စာမျက်နှာ ဖြစ်လာအောင်ကျိုးစားသွားမှာပါ