ကျုပ်..
သူ့ကိုမသိပါဘူး....
ဒါပေမဲ့
သူ့ကိုမသိပါဘူး....
ဒါပေမဲ့
ရင်းနှီးတယ်
ကျုပ်..
သူ့ကိုမမြင်ဖူးပါဘူး....
ဒါပေမဲ့
သူလှတယ်ဆိုတာသိတယ်...
ကျုပ်..
သူဘယ်မှာနေတယ်ဆိုတာမသိပါဘူး
ဒါပေမဲ့
သူ့နေရာကို မကြာခဏ ဆိုသလိုရောက်ဖြစ်တယ်...
ကျုပ်..
သူ့ရဲ့ ကိုယ်သင်းနံ့ကို မရှိုက်ဖူးပါဘူး
ဒါပေမဲ့
နှင်းဆီရနံ့ ထုံမွမ်းနေတာကိုအာရုံခံမိတယ်...
ကျုပ်..
သူနဲ့ပတ်သက်မှု့မရှိပါဘူး....
ဒါပေမဲ့
သူနဲ့ဆက်နွယ်မှု့က positiveမဟုတ်တောင်မှ
negativeမဟုတ်တာတော့သေချာတယ်....
ကျုပ်..
သူ့နာမည်မသိပါဘူး....
ဒါပေမဲ့
လမ်းမှာတွေ့ခဲ့ရင် လှမ်းခေါ်ဖို့နာမတစ်ခုရှိနေတယ်...
အဲဒါ....မယ်သီတာ.. .မယ်သီတာ.. .မယ်သီတာ.....

No comments:
Post a Comment