Thursday, December 31, 2015

သေသွားတဲ့ ဆောင်း


အရင်ကနှင်းတွေ က တစ္ဆေပြန်ပြန်ခြောက်
အိပ်မရတဲ့ ညတွေက ခြောက်ကပ်လွန်းပါတယ်
ချစ်သူ...
နင်မရှိတော့တဲ့ဆောင်းဟာ နင်နဲ့ အတူသေသွားခဲ့တာကြာပြီပေါ့
အရင်က ဒီအချိန် အနမ်းတွေ နွေးနေတာ
အရင်က ဒီအချိန် ရင်ငွေ့တွေ နွေးနေတာ
အရင်က ဒီအချိန် အချစ်တွေ နွေးနေတာ
ခုတော့....
ဆောင်းဟာ နင်နဲ့အတူပဲသေသွားခဲ့ပြီလေ.....

No comments:

Post a Comment